News

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အခြေခံပညာ အထက်တန်း ကျောင်း (အောင်သပြေ)၊ အခြေခံ ပညာ အထက်တန်းကျောင်း (တောင်လေးလုံး)နှင့် အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်း (အင်းခေါင်း)များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်း‌ကျောင်းများသို့ သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အ‌ခြေခံပညာမူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံး စာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ သင်္ချာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၃
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီတတ်စေ‌ရေးဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ ဒုတိယအကြိမ်မြောက် ဦးစီးဌာနအလိုက် ဝန်ထမ်းမိသားစု စုပေါင်းထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၂

ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ များ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဝင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လူမှုရေးဝန်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ဝင်များက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၁
ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများအတွက် သုတေသနဆိုင်ရာအရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းသား ဆရာ ဆရာမများနှင့် ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူ များ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးကျော်ဝင်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင် သူသူတို့နှင့်အတူ ပုသိမ်ပညာရေးဒီ ဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းသားကျောင်း သူများ စုပေါင်းကာယလေ့ကျင့်ခန်းနှင့် အားကစားလေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးကာ ဘော်လီဘောနှင့် ပြေးခုန်ပစ် အားကစားပစ္စည်းများကို မကြာမီ ဖြည့်ဆည်းပေးမည်ဖြစ်သဖြင့် ကျောင်းသား ကျောင်းသူတိုင်း တတ်မြောက်ရုံသာမက ထူးချွန်အောင်လေ့ကျင့်ကြရန် မှာကြားသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြောင်းမြပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စာသင်ခန်းများအတွင်း ဆရာ ဆရာမများက ဘာသာရပ်များကို သင်ကြားနည်းစနစ်တကျဖြင့် သင်ကြားပို့ချပေးနေမှုကို ကြည့်ရှုသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁၅

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံသည်။

Pages