News
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ပညာရေး ဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ် ထားသည့်အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့် သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြပြီး တက္ကသိုလ်က သုတေသနပိုစတာများနှင့် ပြကွက်များကို ခင်းကျင်းပြသလျက်ရှိသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံကို ပညာရေး ဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academyတွင် ဇန်နဝါရီ ၂၅ ရက်မှ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲ ၁နာရီတွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့် သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၉
Naypyitaw State Academy ၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ၏ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ မောင်မယ်သစ်လွင်ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၈
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ် ချီးမြှင့်သည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး နဝမနေ့ ပွဲစဉ်များအဖြစ် အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲ ပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲ(ဗဟိုအဆင့်) ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းရှိ သီရိမင်္ဂလာခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စွမ်းရည်ပြိုင်ပွဲတွင် အကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ပေးကြသည့် အဆင့်မြင့်ပညာဦးစီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာနမှ ဆရာ ဆရာမများ၊ တိုင်းဒေသကြီး၊ ပြည်နယ်များမှ ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၊ ကြီးကြပ်သူ ဆရာ ဆရာမများ၊ မိဘအုပ်ထိန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ဇန်နဝါရီ ၉ ရက်မှ ၁၈ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ သတ္တမနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၄
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆဋ္ဌမနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၃
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ပဉ္စမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။
