News

ရန်ကုန် ၂၀၂၄ ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိကာ တက္ကသိုလ်သန့်ရှင်းသာယာရေးဆောင်ရွက်မှုနှင့် စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများ၌ အေးချမ်းစွာပညာသင်ယူနေသော ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားသည်။

နေပြည်တော် ၂၀၂၃ ဇန်နဝါရီ ၁၂
ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ် ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

‌ရန်ကုန် ၂၀၂၄ ဇန်နဝါရီ ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် နှစ် (၆၀) ပြည့် အခမ်းအနားသို့ တက်ရောက်ကာ ကျောင်းသား ကျောင်းသူများ၏ အထူးပြုဘာသာစကားအလိုက် ရိုးရာအစားအစာနှင့် အမှတ်တရပစ္စည်း အရောင်းဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် Naypyitaw State Academyရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၇
ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များ စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စဉ်ဆက်ပညာရေးလုပ်ငန်း၏ စာသင်ဝိုင်းများကို သွား‌ရောက်ကြည့်ရှု အားပေးသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ ရောက်ရှိပြီးစာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး နှင့် ရှမ်းပြည်နယ်ပညာရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီး တက္ကသိုလ်သို့ သွားရောက်၍ စာသင်ခန်းများတွင် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၉
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပသည်။

Pages