News

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၆
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မိမိတို့ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၁) အ‌ခြေခံပညာအထက်တန်း‌ကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၅
၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၄
မန္တလေးပညာရေးဒီဂရီကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့၌ တည်ဆောက်ရေးနှင့် ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် မန္တလေးတိုင်းဒေသကြီးအတွင်း စာမေးပွဲအောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာပါမောက္ခများကိုယ်တိုင် Grade-12 သင် ဆရာ ဆရာမများအား သင်ကြားလေ့ကျင့်ပေးနေမှုများကို ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ကြည့်ရှုအားပေးပြီး ပါမောက္ခချုပ်၊ ပါမောက္ခများနှင့်တွေ့ဆုံကာ ပညာသင်ကြားရေးကိစ္စများနှင့် စပ်လျဉ်း၍ဆွေးနွေးမှာကြားသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃
၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့်ပြီးမြောက်ခြင်း စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲနှင့် အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်း လမ်းညွှန်ချက်များ ရှင်းလင်းဆွေးနွေးခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub တွင်ကျင်းပသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂
တောင်ငူပညာရေးဒီဂရီကောလိပ်၌ ကာယပညာနှင့် အားကစားဒီပလိုမာသင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်လျက်ရှိပြီး အဆိုပါသင်တန်းရှိ သင်တန်းနည်းပြများ၊ သင်တန်းသား သင်တန်းသူများကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် အဆိုပါကောလိပ်ရှိ မြတ်ပညာခန်းမ၌ တွေ့ဆုံသည်။

ပူတာအို ၂၀၂၆ စက်တင်ဘာ၃၀
ဒေသစားရေရိက္ခာဖူလုံရေးအတွက် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာများကို ကျွမ်းကျင် တတ်မြောက်အောင် သင်ယူလေ့ကျင့်ကြရန် ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ယနေ့နံနက်ပိုင်းတွင် ပူတာအိုမြို့၊ ဒုတ္ထန်ရပ်ကွက် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံမှာကြားသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂၅
နိုင်ငံတော်အနေဖြင့် ထူးချွန်သူများအတွက် ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်လျက် ရှိသကဲ့သို့ ဆုရကျောင်းသား ကျောင်းသူများအနေဖြင့် ပညာရပ်များကို ဆုံးခန်းတိုင်သည်အထိ ဆက်လက်ဆည်းပူး ရမည်ဖြစ်ပါကြောင်း၊ ကျောင်းပြီးသွားပါက နိုင်ငံတော်ကိုသစ္စာရှိပြီး မိမိတို့နိုင်ငံ၏အကျိုးစီးပွားကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်းတမံဆောင်ရွက်ကြ‌စေလိုပြီး နိုင်ငံတော်အပေါ် လုပ်ကျွေးပြုစုရမည်ဖြစ်ပါကြောင်း ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ရန်ကုန်မြို့အခြေစိုက် အင်ဒိုနီးရှားသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Novan Ivanhoe Saleh ဦးဆောင်သော အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၁၇
အရည်အသွေးအာမခံမှုလုပ်ငန်းသည် အဆင့်မြင့်ပညာအဖွဲ့အစည်းများတွင် သင်ကြားသင်ယူမှု၊ စီမံခန့်ခွဲမှုနှင့် ပံ့ပိုးဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်စေရန် ရည်ရွယ်သော စဉ်ဆက်မပြတ် လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လိုအပ်သော လူ့စွမ်းအားအရင်းအမြစ်၊ နည်းပညာပိုင်းဆိုင်ရာပံ့ပိုးမှုနှင့် ဘဏ္ဍာရေးအရင်းအမြစ်များကို ရေရှည်တည်တံ့စွာရရှိစေရန် ကြိုတင်စီမံကိန်းချမှတ်ပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ ချောချောစိန်က ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃)၌ ကျင်းပသည့် အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) အစည်းအဝေးတွင် ပြောကြားသည်။

နေပြည်တော် ၂၀၂၆ စက်တင်ဘာ ၁၇
စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့ ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် ဆီမီယိုဒေသဆိုင်ရာ သမိုင်းနှင့်ရိုးရာဓလေ့ဌာန၏ (၂၅)ကြိမ်မြောက် စီမံခန့်ခွဲရေးအဖွဲ့ (SEAMEO CHAT 25th Governing Board Meeting) အစည်းအဝေးတွင် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က Hybrid စနစ်ဖြင့်တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

Pages