News
နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၅
အဆင့်မြင့်ပညာကဏ္ဍ သင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ဆက်လက်ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၄
အဆင့်မြင့်ပညာကဏ္ဍသင်ကြား၊ သင်ယူမှုစနစ်သုံးသပ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ပင်မဆောင်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၃
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့်ပုဂ္ဂလိကကောလိပ်များ၊ နိုင်ငံတကာ သင်ရိုးသင်ကျောင်းများ၊ အမျိုးသားသင်ရိုးသင်ကျောင်းများ၏ ကိုယ်စားလှယ်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း (ရန်ကုန်) ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းအမှတ်စဉ် (၉/၂၀၂၆) ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် အဆိုပါသင်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန Naypyitaw State Academy အပန်းဖြေရိပ်သာ(Recreation Centre) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သီရိပညာခန်းမ၌ ပဲခူးတိုင်းဒေသကြီး (အရှေ့)ရှိ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
ရန်ကုန် ၂၀၂၆ ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ရန်ကုန်အဝေးသင်တက္ကသိုလ်ဝင်းအတွင်း လှည့်လည်ကြည့်ရှုပြီး သန့်ရှင်းသာယာလှပရေး၊ ဥပဓိရုပ်ကောင်းမွန်ရေးအတွက် လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၆
၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ရိုးရာခြင်းလုံးပြိုင်ပွဲ(ဆဋ္ဌမနေ့)ကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (A)၌ ဆက်လက်ကျင်းပလျက်ရှိသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၆
၂၀၂၆ခုနှစ် ကာယပညာနှင့် အားကစားနည်းပြ (မွမ်းမံ)သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဇူလိုင် ၄
၂၀၂၆ခုနှစ် ပညာရေးဝန်ကြီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများကို ဇွန်လ ၂၅ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ကျင်းပသည်။
