News

နေပြည်တော် ၂၀၂၆ ဇူလိုင် ၃
၂၀၂၆ ခုနှစ် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဇူလိုင် ၂
ပညာရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပသည်။

နေပြည်တော် ၂၀၂၆ ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲမှ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အမှတ် (၁) လေ့ကျင့်ရေးကွင်း၌ သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြရာ ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူနည်းပြများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြည့်ရှု အားပေးကြသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲ၀င် အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၆
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက အဆင့်မြင့်ပညာသင်ယူမှုအခွင့်အလမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် အွန်လိုင်းစနစ်အသုံးပြုကျင်းပသော အာဆီယံအဆင့်မြင့်ပညာရေးဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ တက်ရောက်သည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၅
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယမနေ့က တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ‌ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ (Global Sustainable Development Congress 2026 – GSDC 2026) တက်ရောက်ရန် ဇွန် ၂၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ညနေပိုင်းတွင် ဂျကာတာမြို့သို့ ရောက်ရှိကြသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၃
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အကြံပြုဆွေးနွေးစကား ပြောကြားသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (NCC) အစည်းအဝေးခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၆ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။

Pages