News
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၅
၂၀၂၄-၂၀၂၅ တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာတွဲအလိုက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၃ ဦးနှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့သည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် အောက်တိုဘာ ၁၃ ရက်တွင် ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော်တက္ကသိုလ် စတင်ဖွင့်လှစ်သင်ကြားနေမှုများကို ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းပေးသည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၄
အခြေခံပညာကဏ္ဍ သင်ကြား၊ စီမံရေးရာဝန်ထမ်းများ၏ရာထူးတိုး၊ အပြောင်းအရွှေ့ ဆိုင်ရာ မူဝါဒများ သုံးသပ်ခြင်းနှင့်အရည်အသွေးပြည့်မီစွာ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေးအတွက် ဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော် ပညာရေး၀န်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၁၄
လွိုင်ကော်တက္ကသိုလ်ကို အောက်တိုဘာ ၁၃ ရက်တွင် စတင်၍ ပြန်လည်ဖွင့်လှစ်ပြီဖြစ်ရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယင်းနေ့နံနက်ပိုင်းက လွိုင်ကော် တက္ကသိုလ် အဝေးသင် ဒုတိယအသုတ် အနီးကပ်သင်တန်းများဖွင့်လှစ်၍ အေးချမ်းစွာ ပညာသင်ကြား နေမှုကို ကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၉
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ ဆရာများအတွက် သာတူညီမျှမှုကို အခြေခံသော ဆရာအတတ်ပညာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး အညွှန်းဘောင်ဆိုင်ရာအရည်အသွေးမြှင့် (ဗဟိုအဆင့်) နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၁နာရီတွင် ကျင်းပသည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၅
၂၀၂၅ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မန္တလေးမြို့ မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၃
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရတနာပုံတက္ကသိုလ်သို့ ရောက်ရှိပြီး ဘာသာရပ်ဆိုင်ရာ လှုပ်ရှားမှုများနှင့် ပညာရပ်ဆိုင်ရာပိုစတာများကို ကြည့်ရှုသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၃၀
မြန်မာရွှေ့ပြောင်းကျောင်းသား ကျောင်းသူများအား အတန်းနေရာချထားမှု (Placement Test)နှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၅၂) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၉
ပညာရေးဆိုင်ရာမူဝါဒများသုံးသပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၅
ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့နှင့် ပုဂ္ဂလိကကျောင်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
