News

ရန်ကုန် ၂၀၂၅ ဇူလိုင် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

နေပြည်တော်၂၀၂၅ ဇူလိုင် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၁၅
ကျောင်းသား ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ပြီး တိုင်းပြည်ချစ်စိတ်ရှိအောင်၊ လိမ္မာယဉ်ကျေးမှုရှိအောင် သင်ကြားလေ့ကျင့်ပေးရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့နံနက်ပိုင်းက တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံစဉ် ဆွေးနွေးမှာကြားခဲ့သည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် တောင်ငူ ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိ၍ လက်တွေ့တန်းပြဆင်းကြမည့် သင်တန်းသားများအား လမ်းညွှန်ပို့ချနေမှုကို ကြည့်ရှုလေ့လာပြီး သင်တန်းသားများအား မိမိ၏သင်ကြားမှုကို အစဉ်အမြဲ တိုးတက်နေစေရေး လေ့လာမြှင့်တင်ကြရန်မှာကြားကာ စာသင်ခန်းများ၌ သင်တန်းသားများ ပညာသင်ယူနေမှုကို ကြည့်ရှုသည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မိတ္ထီလာမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း(ရှမ်းတဲ)၌ သုံးထပ်စာသင်ဆောင် တည်ဆောက်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၅
ပညာရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် အလယ်တန်းကျောင်းခွဲ (သူဌေးကုန်း)၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်‌ဖေ၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ‌ကျောင်းသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ‌ဇော်မြင့်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ထွန်းနိုင်တို့ပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း ဒါရုဆလမ်နိုင်ငံ ဘန်ဒါဆရီဘီဂါဝန်မြို့တွင် ဇူလိုင် ၁ ရက်မှ ၃ ရက်အထိ ကျင်းပသည့် (၅၃)ကြိမ်မြောက် အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုကောင်စီညီလာခံသို့ တက်ရောက် သည်။

နေပြည်တော် ၂၀၂၅ ဇူလိုင် ၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးအောင်ကြည်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း (ကြာတော)၊ အခြေခံပညာမူလတန်းကျောင်း (ပေါက်ပါး)နှင့် အခြေခံပညာမူလတန်းကျောင်း (ဇရပ်ကြီး)တို့သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

တောင်ကြီး ၂၀၂၅ ဇွန် ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်ရှိ အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းတို့၌ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့်တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ ဇွန် ၂၃
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများအား လမ်းညွှန်အမှာစကား ပြောကြားခြင်းကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages