News

နေပြည်တော် ၂၀၂၅ မေ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ အခြေခံပညာဦးစီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသား ကျောင်းသူများ ကျောင်းအပ်နှံနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

နေပြည်တော် ၂၀၂၅ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းအပ်နှံနေကြသည့် ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဖွင့်ချိန်အမီ ဆောင်ရွက်နေသည့် ယာယီစာသင်ဆောင်များ၊ ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

နေပြည်တော် ၂၀၂၅ မေ ၂၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာ ရေးမှူးများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ မေ ၂၄
ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၂ ရက်မှ ဇွန် ၁ ရက်အထိ သတ်မှတ်၍ ကျောင်းအပ်နှံမှု လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာကျောင်းအသီးသီး၌ ဒုတိယနေ့ ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

နေပြည်တော် ၂၀၂၅ မေ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ မေ ၂၂
၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းရှိ ခန်းမ၌ ကျင်းပရာ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက “ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ကြသည်။

ရန်ကုန် ၂၀၂၅ ‌မေ ၁၇
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ သိပ္ပံဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ‌သည်။

ရန်ကုန် ၂၀၂၅ မေ ၁၆
ပဲခူးတိုင်းဒေသကြီး၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက် ပိုစတာ စိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ဗိုလ်ချုပ်ကြေးရုပ်အနီး၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော်၏ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်း မြို့မဈေးအနီးနှင့်  ရေပန်းဥယျာဉ်မုခ်ဦးအနီး၌ သီးခြားစီကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၅ မေ ၁၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages