News

နေပြည်တော် ၂၀၂၅ ဧပြီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများကို တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ ဧပြီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်းရှိ ငလျင်ဘေးဒဏ်သင့် ပညာရေး ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၏ ယာယီစုပေါင်းနေထိုင်ရာစခန်းသို့ ကြည့်ရှုစစ်ဆေး၍ လိုအပ် သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

နေပြည်တော် ၂၀၂၅ ဧပြီ ၃
ပညာရေးဝန်ကြီးဌာန၏ ငလျင်ဘေးဒဏ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်

နေပြည်တော် ၂၀၂၅ ဧပြီ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် ပညာရေးအိမ်ရာရှိ ပညာရေးဓမ္မာရုံသို့သွားရောက်၍ ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်တွင် နေပြည်တော်၌ ဖြစ်ပေါ်ခဲ့သည့် ပြင်းထန်ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများအား တွေ့ဆုံ အားပေးစကားပြောကြား

နေပြည်တော် ၂၀၂၅ မတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့် အတူ မတ် ၂၉ရက် ညနေပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း ရှိ ငလျင်ဘေးဒဏ်သင့် ပညာရေးဝန်ထမ်းမိသားစုများထံ သွားရောက်တွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

နေပြည်တော် ၂၀၂၅ မတ် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၅ မတ် ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့၀င်များ၊ ပညာရေး၀န်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဆဋ္ဌမနေ့တွင် ဇီ၀ဗေဒနှင့် ဘောဂဗေဒဘာသာရပ် ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များကို ရင်းရင်းနှီးနှီးတွေ့ဆုံ အား‌ပေးစကား ပြောကြားသည်။

နေပြည်တော် ၂၀၂၅ မတ် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် မွန်ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစောကြည်နိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်မြို့ ရွှေနတ်တောင် အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနများသို့သွားရောက်၍ စာမေးပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်မှုများကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၅ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများသို့ သွားရောက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အား ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် မအူပင်မြို့ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများရှိ စာစစ်ဌာနများတွင် ကျောင်းသား ကျောင်းသူများ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

Pages