News

နေပြည်တော် ၂၀၂၅ ဧပြီ ၂၄
မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် မန္တလေးတက္ကသိုလ် သုတေသနစင်တာရှိ အစည်းအဝေးခန်း၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ မြို့မိမြို့ဖများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၂၀
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်းဒေသကြီး လူမှုရေးရာ၀န်ကြီး၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ တိုင်းဒေသကြီးပညာရေးမှူး၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ပုသိမ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၂၀
အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ပညာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးနှင့် ဆက်စပ်ဝန်ကြီးဌာနကိုးခုမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၅ ဖေ‌ဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် မြို့နယ်၂၆ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့ရှိ မြို့တော် ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းက ရန်ကင်း ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၅ ဖေဖော်ဝါရီ ၁၅
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ မိမိတို့ ရှေ့ဘဝသာယာလှပရေးအတွက် ရည်မှန်းချက်ချမှတ်ကြိုးစားကြရန် တိုက်တွန်း မှာကြားသည်။

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၁၂
Naypyitaw State Academy ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာ အစားအစာဈေးရောင်းပွဲတော်နှင့် ကဗျာ၊ စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၇
မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းစောင့်ရှောက်တတ်စေရေး၊ ဝန်ထမ်း အချင်းချင်းစည်းလုံးညီညွတ်စွာဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်တတ်စေရေးနှင့် တစ်ဦးနှင့် တစ်ဦးဖေးမကူညီတတ်စေ‌ရေးဟူသော ရည်ရွယ်ချက်များဖြင့် ပညာရေးဝန်ကြီးဌာန၏ တတိယ အကြိမ်မြောက် ထမနဲထိုးပြိုင်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ယာဉ်ရပ်နားကွင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်ကြီး H.E. Dr. Md. Monwar Hossain အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages