News
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၁
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မန္တလေးတက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ဖွင့်ပွဲအခမ်းအနား ကျင်းပမည့်နေရာများ သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှုနှင့် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၂၀
အိန္ဒိယနိုင်ငံတမီးလ်နာဒူပြည်နယ် Vellore မြို့ Vellore Institute of Technology (VIT) ၌ စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့သော အဆင့်မြင့်ပညာကဏ္ဍမြှင့်တင်ရေးနှင့် ကျောင်းသား၊ ဆရာဖလှယ်ရေး နိုင်ငံတကာညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
ရန်ကုန် ၂၀၂၅ စက်တင်ဘာ ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာအဖွဲ့ဝင် ဆရာကြီး ဆရာမကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
ရန်ကုန် ၂၀၂၅ စက်တင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းသား ကျောင်းသူများ ဒုတိယစာသင်နှစ်ဝက် စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၉
အိန္ဒိယနိုင်ငံအစိုးရက Naypyitaw State Academy သို့ စာအုပ်များ လှူဒါန်းပွဲကို ယနေ့ ညနေ ၃ နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၇
Naypyitaw State Academy ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ စတုတ္ထနှစ်၊ ပဉ္စမနှစ်(ဥပဒေ)၊ ပထမနှစ်ဂုဏ်ထူးတန်း၊ ဒုတိယနှစ်ဂုဏ်ထူးတန်း၊ တတိယနှစ် ဂုဏ်ထူးတန်း၊ မဟာအရည်အချင်းစစ်သင်တန်းနှင့် မဟာတန်း ပထမနှစ်သင်တန်းများ၏ ဒုတိယ စာသင်နှစ်ဝက် စာမေးပွဲတွင် တက္ကသိုလ်ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ယနေ့နံနက်ပိုင်းက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၆
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးဒေသ၊ နန်နင်းမြို့၌ စက်တင်ဘာလ ၁၅ ရက်မှ ၁၆ရက် အထိ ကျင်းပသော ၂၀၂၅ ခုနှစ် တရုတ်(ကွမ်ရှီး)-အာဆီယံအသက်မွေးဝမ်းကျောင်းပညာ ပူးပေါင်းဆောင်ရွက်မှု နှင့်ဖွံ့ဖြိုးတိုးတက်မှုညီလာခံသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်သည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးတက္ကသိုလ်သို့ သွားရောက်၍ မန္တလေးတက္ကသိုလ် ရာပြည့်သဘင်ကျင်းပရန် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေ၊ တက္ကသိုလ်ကျောင်းဝင်းအတွင်း နေရာများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် အွန်လိုင်းဖြင့် တွေ့ဆုံဆွေးနွေးသည်။
နေပြည်တော် ၂၀၂၅ စက်တင်ဘာ ၁၂
နောင်ချိုမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(နောင်ချို)၌ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား၊ သင်ယူနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်နှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှုအားပေးသည်။
