ရန်ကုန် ၂၀၂၆ မေ ၃၀
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ် ဒါးက အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ရွက်နေမှုနှင့် ကျောင်းဆောင်သစ် တည်ဆောက်မည့်မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃၅)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၁၇)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းဆောင်သစ် တည်ဆောက်ရန် ရွေးချယ်သတ်မှတ်ထားသည့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
