News
နေပြည်တော် ၂၀၂၄ မတ် ၂၁
အခြေခံပညာကျောင်းများတွင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ စိတ်လူမှုဆက်ဆံရေး အထောက်အပံ့ပေးရေး ဗဟိုအဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ UNICEF Myanmar မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ရှိ အခြေခံပညာရုံးများ၊ ကျောင်းများမှ အရာထမ်းသင်တန်းသား သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်နေမှုနှင့် တည်ဆောက်နေဆဲ စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၄ မတ် ၁၉
ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းနှစ်အသီးသီး၏ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် ပညာသင်ကာလ၏ စာမေးပွဲကျင်းပနေမှုနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၄ မတ် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
နေပြည်တော် ၂၀၂၄ မတ် ၁၀
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် လယ်ဝေး အားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ မတ် ၈
ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စီမံကိန်းဆိုင်ရာလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ မတ် ၄
ပညာရေးဝန်ကြီးဌာန မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း မိတ်ဆက်တင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ မတ် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံ သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
