News

နေပြည်တော် ၂၀၂၄ ဧပြီ ၂၇
နဝမတန်းလူရည်ချွန်မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ပုဂံလူရည်ချွန်စခန်းသို့ ရောက်ရှိလာကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ဦးစီး၍ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ တိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူနှင့် တာဝန်ရှိသူများက ပန်းကုံးများ၊ သပြေခက်များဖြင့် လည်းကောင်း၊ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ဒေသခံပြည်သူများက လမ်းဘေးဝဲယာတစ်လျှောက်မှလည်းကောင်း သောင်းသောင်းဖြဖြ ကြိုဆိုကြသည်။

နေပြည်တော် ၂၀၂၄ ဧပြီ ၂၄
ပုဂံ၊ အင်းလေး၊ ငွေဆောင်နှင့် ချောင်းသာလူရည်ချွန်အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် လူရည်ချွန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၅၅၄ ဦးနှင့် ကြီးကြပ်ဆရာ ဆရာမ ၆၄ ဦးတို့အား နေပြည်တော်စုရပ် ဗဟိုစခန်း (ရွာတော်)တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်၍ ရင်းရင်းနှီးနှီးလှိုက်လှိုက်လှဲလှဲကြိုဆို

နေပြည်တော် ၂၀၂၄ ဧပြီ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ ဧပြီ ၁၁
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ ဧပြီ ၅
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရန်ကုန် ၂၀၂၄ မတ် ၃၀
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်အစည်း အဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ မတ် ၂၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၄ မတ် ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လှိုင်မြို့နယ် MICT Park ရှိ STI Myanmar University သို့ရောက်ရှိကာ စာသင်ခန်းများ၊ Theatre ခန်းမ၊ Geotechnical Lab ခန်း၊ Hydraulic Lab ခန်းနှင့် စာကြည့်တိုက်ကို ကြည့်ရှု၍ ကျောင်းသား ကျောင်းသူများ မြန်မာစာဖတ်ရှုနားလည်မှုစွမ်းရည်ကို စမ်းသပ်စစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ မတ် ၂၆
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန် ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ဗဟိုအဆင့်နည်းပြ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ မတ် ၂၅

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀ နာရီတွင် တက္ကသိုလ်အသီးသီးမှ အင်္ဂလိပ်စာပါမောက္ခ၊ တွဲဖက်ပါမောက္ခများနှင့် အွန်လိုင်းမှ တွေ့ဆုံကာ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်တို့အပြင် မြစ်ကြီးနား၊ တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ မကွေးတက္ကသိုလ်တို့တွင် အင်္ဂလိပ်စာအထူးပြု ပါရဂူတန်းများ တိုးချဲ့ဖွင့်လှစ်ရေးကိစ္စညှိနှိုင်း ဆွေးနွေးသည်။

Pages