News
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁၅
ဥပဒေရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၉
Naypyitaw State Academy (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းရင်းသားရိုးရာအစားအစာ ဈေးရောင်းပွဲတော်နှင့် စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ ပင်မဆောင်အောက်၌ ကျင်းပသည်။
ရန်ကုန် ၂၀၂၄ ဖေဖော်ဝါရီ ၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်ရှိပြီး ကျောင်း၀င်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မွန်ပြည်နယ် လူမူရေးရာ ဝန်ကြီး ဦးမြတ်သွင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်ရှိ အဏုဇီဝဗေဒလက်တွေ့ခန်းနှင့် အဏ္ဏဝါ သိပ္ပံဌာနများတွင် လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့်အတူ တောင်ကြီးပညာ့ရိပ်သာကို ရောက်ရှိကာ အိမ်ရာဝင်းအတွင်းရှိ ဝန်ထမ်းအိမ်ရာ၊ စုဝေးခန်းမဆောင်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ အားကစားကွင်းနှင့် ယာဉ်ရပ်နားကွင်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန် ၂၀၂၄ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေး၀န်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်သို့ ရောက်ရှိကာ ကျောင်းသား ကျောင်းသူများအနေဖြင့် ဘာသာရပ်ဆိုင်ရာ အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်နားလည်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့တက္ကသိုလ်ရှိ စာကြည့်တိုက်ကို အကျိုးရှိရှိအသုံးချပြီး ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများရှိလာအောင်၊ ထူးချွန်သူများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၃၀
တက္ကသိုလ် ကျောင်းသား ကျောင်းသူများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်း (Registration) နှင့် ကျောင်းဝင်ကြေး၊ ကျောင်းလခပေးသွင်းခြင်း (Online/ Mobile Payment) တို့ အွန်လိုင်းမှ ချိတ်ဆက် ဆောင်ရွက်ရေးဦးစီးကော်မတီ အစည်းအဝေးကို နေပြည်တော်ရုံးအမှတ်(၁၃)ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ်များမှ ဦးစီးကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၂၉
အရှေ့တောင်အာရှ မူလတန်းပညာ သင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ (Southeast Asia Primary Learning Metrics: SEA-PLM 2024)သည် မူလတန်းအဆင့် နောက်ဆုံးနှစ် Grade 5 ကျောင်းသားများ၏ စာဖတ်စွမ်းရည်(Reading Skills)၊ အရေးစွမ်း ရည်(Writing Skills)၊ သင်္ချာစွမ်းရည်(Mathematics Skills)၊ ကမ္ဘာ့သားကောင်းဖြစ်မှု (Global Citizenship) စွမ်းရည်များကို စစ်ဆေးတိုင်းတာနိုင်ရန်အတွက် အာဆီယံဒေသတွင်း ကျယ်ပြန့်သောပညာရည်စစ်ဆေးမှုတစ်ခု ဖြစ်ကြောင်း၊ အရှေ့တောင်အာရှနိုင်ငံများ ပါဝင် ဆောင်ရွက်သော နိုင်ငံတကာအဆင့် ပညာရည်တိုင်းတာစစ်ဆေးမှုတစ်ခု ဖြစ်ကြောင်း ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် SEA-PLM 2019 အကြံပြုလုပ်ငန်းစဉ်များနှင့် SEA-PLM 2024 စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က ပြောကြားသည်။
