News

နေပြည်တော် ၂၀၂၄ မေ ၂၀
ပညာရေးဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပထမဦးဆုံးအကြိမ် ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်ပညာဦးစီးဌာန အားကစားနည်းပြမွမ်းမံသင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ မေ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဗီယင်ကျန်းမြို့၌ “ဥတုရာသီဒဏ်တွန်းလှန်နိုင်ရေး ရှေးဦးအရွယ် ကလေးသူငယ်ပညာရေးမှ အခြေချပေး” (Building Climate Resilience from the Start: Early Childhood Education for Sustainable Future) ဟူသော ဦးတည်ချက်ဖြင့် ကျင်းပသည့် ASEAN Ministerial Meeting on Ensuring Equal Access to Quality Early Child- hood Development and Care  အစည်းအဝေးသို့ တက်ရောက်သည်။

နေပြည်တော် ၂၀၂၄ မေ ၁၅
ပြည်ထောင်စုနယ်မြေ နေပြည်တော် ၂၀၂၄ ခုနှစ် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ကောင်စီရှိ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ မေ ၁၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့်အွန်လိုင်းဖြင့်တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ မေ ၁၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်အတူ မန္တလေးပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိပြီး စာသင်ခန်းများတွင် ဘီအီးဒီစာပေးစာယူသင်တန်း (၃/၂၀၂၃) ဒုတိယနှစ် သင်ကြား၊ သင်ယူနေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယခုသင်တန်းသည် နောက်ဆုံးအသုတ် ဖြစ်သည့်အားလျော်စွာ သင်တန်းပြီးဆုံးပြီးနောက် ဘီအီးဒီဘွဲ့ရရှိပြီးပါက အထက်တန်းပြဆရာ တာဝန်များကို တာဝန်ကျရာဒေသများတွင် ထမ်းဆောင်ကြစေလိုပါကြောင်း မှာကြားသည်။

နေပြည်တော် ၂၀၂၄ မေ ၇

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄) ကျင်းပရေး တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ မေ ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် အွန်လိုင်းမှတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ မေ ၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံအမတ်ကြီး H.E. Mr. Iskander Azizov နှင့်အဖွဲ့ကို နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ ဧပြီ ၃၀
အခြေခံပညာ Grade-12 နှင့် အဆင့်မြင့်ပညာ(တက္ကသိုလ်)သင်ရိုးများ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ဆက်စပ်ဝန်ကြီးဌာနများမှ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲ တမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသူများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ ဧပြီ ၂၈
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်သူသူတို့နှင့်အတူ ညောင်ဦးအထက်တန်းကျောင်းနှင့် မြို့မအထက်တန်းကျောင်းတို့ကို ရောက်ရှိစစ်ဆေးသည်

Pages