နေပြည်တော် ၂၀၂၅ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် Belarusan State University ၏ First Vice-Rector ဖြစ်သူ Dr Dzmitry Kurlavich ကို ယနေ့ညနေပိုင်းတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံရာ ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ တက်ရောက်သည်။
တွေ့ဆုံစဉ် Belarusan State University နှင့် မြန်မာတက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်နိုင်မည့် နယ်ပယ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သိရသည်။
