News

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၆

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ အမျိုးသမီး ဘော်လီဘောဗိုလ်လုပွဲစဉ်များကို ယနေ့ နံနက်ပိုင်းမှစတင်ပြီး နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံ၌ ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၅

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသောနေရာများတွင် ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး တတိယနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၃

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်းများအလိုက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၃
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ/သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်းရှိ ဇမ္ဗူရွှေကြာခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၁

ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး‌ဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့နံနက်ပိုင်းတွင် မကွေးတက္ကသိုလ်သို့ ရောက်ရှိပြီး တက္ကသိုလ်ဥပဓိရုပ် ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၄

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ယနေ့ မွန်းလွဲ ၃ နာရီတွင် ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်၍ ကြည့်ရှုအားပေးကြသည်။

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၂
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် သက်ဆိုင်ရာ အားကစား နည်းအလိုက် သက်မှတ်ထားသည့်ကွင်းရုံများတွင် ဆက်လက်ယှဥ်ပြိုင် ကစားကြသည်။

Pages