အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ် အစည်းအဝေးကျင်းပ

 

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၃၁

 

အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC) ဒုတိယအကြိမ်အစည်းအဝေးကို ယ‌နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က AUN-QA Guidelines စာအုပ်ကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် Operational Level အထိ အဆင့်လိုက်ပါဝင်အောင် ပြုစုနေပြီဖြစ်ကြောင်း၊ ဒီဇင်ဘာလအတွင်း ဝန်ကြီးဌာနအသီးသီးရှိ တက္ကသိုလ်များအားလုံးသို့ ထုတ်ဝေဖြန့်ချိစေလိုကြောင်း၊ NAQAC First Engagement Forum ကို နေပြည်တော်တွင် ကျင်းပသည့်အခါ ထိရောက်စွာ ဆွေးနွေးပြောဆိုနိုင်သည့် အစီအစဉ်များ ပါဝင်စေရန် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ ရလဒ်အခြေပြုအချက်အလက်များ (Evidence-based Data) ကောက်ယူကာ ရလဒ်အခြေပြုဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန်အတွက် NAQAC က ဦးဆောင်ရန်တာဝန်ရှိကြောင်း၊ ပြုစုထားသော ပုဂ္ဂလိကကျောင်းများ ဆန်းစစ်အကဲဖြတ်လွှာပုံစံကို ဆွေးနွေးအကြံပြုစေလိုကြောင်း ပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများက အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်မှုဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည်ပြုကြသည်။

 

အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမျိုးသား ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ အရည်အသွေးအာမခံမှုလုပ်ငန်း အကောင်အထည်ဖော်မှု ကျွမ်းကျင်သူဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။