လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်
နေပြည်တော် ၂၀၂၂ အောက်တိုဘာ ၂၆
လာမည့်ပညာသင်နှစ်တွင် KG+12 ပညာရေးစနစ်၏ နောက်ဆုံးအတန်းဖြစ်သော Grade-12 ကို ဖွင့်လှစ်သင်ကြားတော့မည်ဖြစ်၍ စာသင်ခန်းလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို တွက်ချက်၍ စာရင်းပြုစု တင်ပြပေးကြရမည်ဖြစ်ပါကြောင်း၊ ခရိုင် ၅၀ တွင် စက်မှု-စိုက်ပျိုး-မွေးမြူရေး အထက်တန်းကျောင်း ၅၀ ကို ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ထိုကျောင်းများတွင် KG+12 ပညာရေးစနစ်ကို သင်ကြားမည်ဖြစ်သော်လည်း Grade-9 အောင်မြင်ပြီးသည့် ကျောင်းသား ကျောင်းသူများအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုစသည်ဖြင့် မိမိတို့ ဝါသနာပါရာကို အထူးပြုတက်ရောက် သင်ကြားနိုင်မည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။
