News

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၁၁
ပညာရည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အထားအခြေပြု သုတေသနတွေ့ရှိချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၁၀
အင်္ဂလိပ်စာစွမ်းရည်မြင့်မားစေရေး တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ည‌နေပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ အင်္ဂလိပ်စာ ဆရာ ဆရာမများနှင့်တာ၀န်ရှိသူများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၉
Naypyitaw State Academy တည်ထောင်ခြင်း (၃) နှစ်ပြည့် အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲတွင် အဆိုပါတက္ကသိုလ်ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၇
၂၀၂၅ ခုနှစ် (၁၄) ကြိမ်မြောက် အာဆီယံကျောင်းသားအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာကျောင်းသား အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့ ညနပိုင်းက နေပြည်တော် ရုံးအမှတ်(၁၃)ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်မဲမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောက်မဲမြို့နယ်ရှိ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တို့သို့ ရောက်ရှိပြီး Grade-12 သင် ဆရာ ဆရာမများ၊ ကျောင်းသား မိဘများနှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၅ နို၀င်ဘာ ၂
၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ် အဆင့်မြင့်ပညာဦးစီးဌာန တက္ကသိုလ်ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇေယျာသီရိ အားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၅ နိုဝင်ဘာ ၁
ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း အမှတ်(၁)တွင် ကျင်းပသည်။

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်၍ ဝန်ကြီးဌာနများမှ ကိုယ်စားလှယ် ၁၂ ဦးပါဝင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန် ပြည်နယ် တယ်ဟုန်ပြည်နယ်ခွဲ၏ မြို့တော်မန်စီမြို့၌ကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ အဆင့်မြင့်တတ်သိပညာရှင်များဆွေးနွေးပွဲသို့တက်ရောက်ရန် အောက်တိုဘာ ၂၁ ရက်က မန်စီမြို့သို့ ရောက်ရှိခဲ့သည်။

နေပြည်တော် ၂၀၂၅ အောက်တိုဘာ ၂၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအတတ်ပညာများ သင်ကြားနေသည့် Grade-12 ကျောင်းသား ကျောင်းသူများအတွက် စာမေးပွဲဆိုင်ရာလုပ်ငန်းစဉ်များ အတည်ပြုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Pages