News

ရန်ကုန် ၂၀၂၆ နို၀င်ဘာ ၁၉
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး)၌ ဘွဲ့နှင်းသဘင်ခန်းမ (ဘက်စုံသုံးခန်းမ)နှင့် အပန်းဖြေရိပ်သာ (Recreation Centre) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၃
ကျောက်မဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ (စခန်းသာ) အခြေခံပညာအလယ်တန်းကျောင်း၊ (နောင်ပိန်) အခြေခံပညာအထက်တန်းကျောင်း၊ နောင်ချိုမြို့နယ် (နမ့်ဆောင်ဟူး) အခြေခံပညာအထက်တန်းကျောင်းခွဲနှင့် (ရေဝင်) အခြေခံပညာအလယ်တန်းကျောင်းများကို စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ နိုဝင်ဘာ ၁၂
သတ်မှတ်အရည်အသွေး စံညွှန်းများနှင့်ကိုက်ညီသော စံကိုက်ကျောင်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ရာတွင်လိုအပ်သည့် လုပ်ငန်းစဉ်များဆောင်ရွက်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သင်ကြားသင်ယူမှုအရည်အသွေး တိုးတက်ကောင်းမွန်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများ Site Plan များနှင့်အညီ အရည်အသွေးကောင်းမွန်၍ သတ်မှတ်ချိန်အတွင်းပြီးမြောက်ရေးတို့ ဆောင်ရွက်ရန်လိုအပ်ကြောင်း ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်က ပြောကြားသည်။

ရန်ကုန် ၂၀၂၆ နိုဝင်ဘာ ၇
အဝေးသင်ပညာရေးစနစ် ပိုမိုကောင်းမွန်ရေးအတွက် သင်ကြားရေးနှင့် မေးခွန်းပုံစံများ စနစ်တကျ ပြောင်းလဲဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ယနေ့နံနက်ပိုင်းတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် အစည်းအဝေးခန်းမ၌ ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ်ပြောကြားသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး‌ ဦးဝင်းမောင်သိန်းသည် ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၃၀
အရှေ့တောင်အာရှ မူလတန်းပညာသင်ယူတတ်မြောက်မှု တိုင်းတာစစ်ဆေးရေးစံ Southeast Asia Primary Learning Metrics (SEA-PLM 2024) က ရရှိလာသည့် သင်ခန်းစာများကို အကျိုးရှိရှိအသုံးချပြီး နောက်လာမည့် SEA-PLM 2029 အတွက် ကြိုတင်ပြင်ဆင်မှုများကို စနစ်တကျဆောင်ရွက်ခြင်းဖြင့် မြန်မာနိုင်ငံ၏အခြေခံပညာရေး အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများကို ပိုမိုထိရောက်လာစေမည်ဖြစ်ပါကြောင်း ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။

ရန်ကုန် ၂၀၂၆ အောက်တိုဘာ ၂၃
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက "India: New Horizons for Education and Learning” ခေါင်းစဉ်ဖြင့် စီစဉ်ကျင်းပသည့် Indian Education Fair 2026 ပညာရေးပြပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ Pan Pacific Hotel ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ပုဗ္ဗသီရိမြို့နယ်(သုခဒီပ)အခြေခံပညာမူလတန်းကျောင်း၊ ပုဗ္ဗသီရိမြို့နယ် အမှတ်(၂၀) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း၊ (ပုပ္ပါးကုန်း) အခြေခံပညာမူလတန်းကျောင်း၊ ဥတ္တရသီရိမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ် (အကွက်ကြီး-၅) အခြေခံပညာမူလတန်းကျောင်းနှင့် (ရွှေကြာပင်) အမှတ် (၂၅)အခြေခံ ပညာမူလတန်းလွန်ကျောင်းများကို ယနေ့တွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးနေမျိုးလှိုင် သွားရောက်ကြည့်ရှု စစ်ဆေးသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၂၀
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများအား နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ ယမန်နေ့နံနက်ပိုင်းက ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ တက္ကသိုလ်များသို့ သွားရောက်‌လေ့လာကြသည်။

နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၁၈
၂ဝ၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲတို့တွင် တစ်နိုင်ငံလုံးဘာသာတွဲအလိုက် အမှတ်အများဆုံးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား ကျောင်းသူ ၃၆ ဦးနှင့် အုပ်ချုပ်သူများကို နိုင်ငံတော်အစီအစဉ်ဖြင့် ပြည်ပလေ့လာရေး ခရီးစဉ်စေလွှတ်ခဲ့ရာ အောက်တိုဘာ ၁၆ ရက် ည‌နေပိုင်းက ထိုင်းနိုင်ငံ သု၀ဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ထွက်ခွာကြပြီး ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိကြသည်။

Pages