ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်ရှိ မြို့နယ်များနှင့် အခြားတိုင်းဒေသကြီး/ပြည်နယ်ရှိ မြို့နယ်အချို့ တွင် ရက်ပေါင်း ၄၀ ကြာ သင်ကြားပေးသွားမည့် စာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များ ဆောင်ရွက်နိုင်ရေး ပညာရေးဝန်ကြီးဌာနက စီစဉ်လုပ်ဆောင်လျက်ရှိ
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၂၆
ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
