September 2023

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက်

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၉
မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ Shukshin Altai State University for Humanities and Pedagogy တို့ပူးပေါင်း၍ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ရုရှားဘာသာဌာန၊ ရုရှားဘာသာစကားသင်တန်းနှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကျင်းပ

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၈
၂၀၂၃ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယနေ့တွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာပညာရေးဒီဂရီကောလိပ်နှင့် မိတ္ထီလာတက္ကသိုလ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week) အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ လူငယ်သီတင်းပတ်(Youth Week)အထိမ်းအမှတ် လူငယ်စွမ်းရည်ပြပွဲများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနား ကျင်းပ

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

မြန်မာနိုင်ငံမှ တက္ကသိုလ်ငါးခုနှင့် အိန္ဒိယနိုင်ငံရှိ အငယ်စားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး

နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အိန္ဒိယသံအမတ်ကြီး H.E. Mr. Vinary Kumar ကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

Pages