News

နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၁
Paukphaw ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အာဆီယံ-တရုတ်စင်တာ အတွင်းရေးမှူးချုပ် မစ္စတာရှေကျုံးကျွင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက် ၁၀ နာရီတွင် ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ရုံးအမှတ် (၁၃) အစည်းအဝေးခန်း၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ သွားရောက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသော စာသင်ဆောင်များ ပြန်လည်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဆက်လက်ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ညနေပိုင်းတွင် စစ်တွေတက္ကသိုလ်သို့ရောက်ရှိပြီး မိုခါမုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့ရသည့် စာသင်ဆောင်၊ ဆရာဆောင်နှင့် ကျောင်းသားဆောင်များ ပြန်လည်ပြုပြင် တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၃ ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသော အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြား၍ သင်တန်းဆင်းလက်မှတ်များနှင့် စံပြဆု၊ ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ကချင်ပြည်နယ်ရှိ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများအား ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ်(၉)အခြေခံပညာ အထက်တန်းကျောင်းရှိ ရွှေသွေးခန်းမ၌ တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၄
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးဗိုလ်လုပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၃
ဒဂုံတက္ကသိုလ် ရုက္ခဗေဒဌာနနှင့် ကိုရီးယားသမ္မတနိုင်ငံ Jeonbuk National University တို့ ပူးပေါင်းကျင်းပသည့် 4th Myanmar-Korea Conference on Plant Tissue Culture and Genetics သုတေသန စာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉နာရီက ဒဂုံတက္ကသိုလ်၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၃
တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံးများမှ ပညာရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းသည်။

နေပြည်တော် ၂၀၂၃ ဇူလိုင် ၂
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသည့် ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဥ်များကို ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပရာ ပြိုင်ပွဲဝင်အသင်းများ ဆက်လက်ယှဥ်ပြိုင်ကစားကြသည်။

Pages