News
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၈
၂၀၂၃ ခုနှစ် ရှမ်းပြည်နယ် စဉ်ဆက်ပညာရေးလုပ်ငန်းနှင့် စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီတွင် တောင်ကြီးတက္ကသိုလ် ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌဦးခွန်ရဲထွေး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် ဘန့်ပိန်း(ချင်းကုန်း) ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းရှိ အခြေခံစာတတ်မြောက်ရေး လုပ်ငန်း၏ နောက်ဆက်တွဲ စာသင်ဝိုင်းများတွင် အခြေခံပညာဆရာ ဆရာမများက ဒေသခံများအား အခြေခံပညာရပ်များ သင်ကြားပေးနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
နေပြည်တော် ၂၀၂၃ စက်တင်ဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် အောင်ပန်းမြို့နယ် အမှတ်(၁၀)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း ကျောင်းဆောင်သစ် ဆောက်လုပ်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၁၇
အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးပညာရေးဒီဂရီ ကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင် ကျင်းပသည်။
ရန်ကုန် ၂၀၂၃ ဩဂုတ် ၁၆
စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ရသည့် ပညာရေးအရာရှိများအတွက် စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားလာစေရန် ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ပညာရေးစီမံအုပ်ချုပ်မှုသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံအုပ်ချုပ်မှု သင်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဩဂုတ် ၈
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ နိုင်ငံ၏ပညာရေးမြင့်မားမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် မှန်မှန်ကန်ကန် ညွှန်ကြား၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း
နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အရှေ့တောင်အာရှ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင်၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ ပြုလုပ်သည့်အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး H.EMr. Nadiem Anwar Makarim က ကြိုဆိုဧည့်ခံသော Gala Dinner သို့ တက်ရောက်ခဲ့သည်။
နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၅
အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး၏ ဖိတ်ကြားချက်အရ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဂျကာတာမြို့၌ ကျင်းပမည့် အရှေ့တောင်အာရှ ရှေးဦးကလေးသူငယ်ပြုစု စောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ အင်ဒိုနီးရှားနိုင်ငံသို့ ထွက်ခွာသွားသည်။
နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၁
Paukphaw ပညာသင်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ကျင်းပသည်။
