News
နေပြည်တော် ၂၀၂၃ ဇွန် ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာကျော်ဆန်းဝင်းနှင့်အတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာဇန်မြို့၌ ဇွန် ၇ ရက်မှ ဇွန် ၉ ရက်အထိ ကျင်းပမည့် ပညာရေးဝန်ကြီးများ၏ အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာရာ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။
နေပြည်တော် ၂၀၂၃ ဇွန် ၂
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာမျိုးမင်းထွန်းနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရှန်ဇီပြည်နယ် Yangling တွင် မေ ၂၉ ရက်မှ ၃၁ ရက်အထိကျင်းပသော ရှန်ဟိုင်းဆင်းရဲမှုလျှော့ချရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် ရေးဖိုရမ်သို့ တက်ရောက်ခဲ့သည်။
တောင်ကြီး ၂၀၂၃ ဧပြီ ၂၉
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။
တောင်ကြီး ၂၀၂၃ ဧပြီ ၂၈
တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန် ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကား ပြောကြားပြီး ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားသည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၁၈
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၅
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများကို လူရည်ချွန်စခန်း အသီးသီးသို့ စေလွှတ်နိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၃ ဧပြီ ၄
တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
နေပြည်တော် ၂၀၂၃ မတ် ၂၉
ပညာရေးညီလာခံ(၂၀၂၃) ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ ဆက်စပ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
