တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်သွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်မှာကြား
နေပြည်တော် ၂၀၂၆ အောက်တိုဘာ ၆
တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မိမိတို့ဒေသအလိုက်၊ ကျောင်းအလိုက် သင်ကြားရေးဆိုင်ရာ အရည်အသွေးတိုးတက်အောင် ကြိုးစားဆောင်ရွက်ပေးကြရန် ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ဘိုကလေးမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံစဉ် မှာကြားသည်။






