News
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂၂
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်သည် တာ၀န်ရှိသူများနှင့်အတူ ယနေ့ ညနေပိုင်းတွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် စာသင်ဝိုင်းများ၌ စာသင်ကြားနေမှုကို ကြည့်ရှု အားပေးသည်။
ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၂၂
၂၀၂၆-၂၀၂၇ ခုနှစ် ဆရာအတတ်ပညာတက္ကသိုလ် သင်ရိုးညွှန်းတမ်းရေးဆွဲရေး ဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၂၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ဧရာဝတီတိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၂၀
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ဧရာ၀တီတိုင်းဒေသကြီး စီးပွားရေးရာ၀န်ကြီး၊ တာ၀န်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့ ဟင်္သာတ တက္ကသိုလ်၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၁၈
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်းနှင့် ကဏ္ဍအလိုက် ကျွမ်းကျင်သည့်အတတ်ပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် ပညာရေးစနစ်နှင့် ကိုက်ညီသည့် သက်မွေးမှုလုပ်ငန်းအဆင့် အခြေပြကားချပ်ရေးဆွဲရန်နှင့် မှတ်တမ်းစာအုပ် ပြုစုထိန်းသိမ်းထားရှိရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အိန္ဒိယသမ္မတနိုင်ငံအစိုးရတို့အကြား Naypyitaw State Academy တွင် ဓာတ်ခွဲခန်းသုံး ပစ္စည်းကိရိယာများ ထောက်ပံ့နိုင်ရေး နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရန်ကုန် ၂၀၂၆ ဖေဖော်ဝါရီ ၇
မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆) ဆုချီးမြှင့်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သုတေသနနှင့် ဆန်းသစ်တီထွင်မှုစင်တာ၌ ကျင်းပသည်။
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တက္ကသိုလ် သစ်ပုပ်ပင်အနီး၌ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲတော် (၂၀၂၆)၊ ရန်ကုန်မြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်များ အစားအသောက်ပြိုင်ပွဲနှင့် ရန်ကုန်တက္ကသိုလ်ဘာသာရပ်များအလိုက် ဈေးရောင်းပွဲတော်ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
နေပြည်တော် ၂၀၂၆ ဖေဖော်ဝါရီ ၂
စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များ သင်ကြားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
