ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ
နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ ကျင်းပသည့် အရှေ့တောင်အာရှ ရှေးဦးကလေးသူငယ်ပြုစုစောင့်ရှောက်မှုနှင့် ပညာရေးပြုပြင်ပြောင်းလဲရေးမူဝါဒဆိုင်ရာ အာဆီယံပညာရေးဝန်ကြီးများ စကားဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်ပြီး ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြသည်။
