ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ၂၀၂၃ ဇူလိုင် ၂၁

ပညာရေး စာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပညာရေးစာရင်းအင်းဆိုင်ရာ အမျိုးသားအဆင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ကော်မတီ၏ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့်  ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ပညာရေးစာရင်းအင်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။