ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့်တွေ့ဆုံ မြန်မာစာ၊ မြန်မာစကား ရေရှည်တည်တံ့ခိုင်မြဲ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေး

ရန်ကုန် ၂၀၂၃ ဇူလိုင် ၇

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ ကျင်းပသော အခြေခံပညာဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၁၀၁) သင်တန်းဆင်းပွဲသို့ တက်ရောက်ပြီး သင်တန်းဆင်းအမှာစကား ပြောကြား၍ သင်တန်းဆင်းလက်မှတ်များနှင့် စံပြဆု၊ ထူးချွန်ဆုများ ချီးမြှင့်ပေးအပ်သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်မြို့ မြန်မာစာအဖွဲ့ရုံး၌ မြန်မာစာအဖွဲ့ဝင် ဆရာကြီးများနှင့်တွေ့ဆုံပြီး မြန်မာစာ၊ မြန်မာစကား ရေရှည်တည်တံ့ ခိုင်မြဲဖွံ့ဖြိုးတိုးတက်ရေး၊ မြန်မာစာအဖွဲ့က အတည်ပြုထားသော မြန်မာစာလုံးပေါင်းသတ်ပုံ၊ ‌ဝေါဟာရအသုံးအနှုန်း၊ ဝါကျအထားအသို၊ မြန်မာသဒ္ဒါတို့ကို အများပြည်သူများ လက်လှမ်းမီ ဖတ်ရှုလေ့လာသိရှိကာ မှန်ကန်စွာ၊ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။