News

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၄
၂၀၂၄ ခုနှစ် ဝန်ကြီး ဌာနပေါင်းစုံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) နောက်ဆုံးပွဲစဉ်များကို ယနေ့ ညနေပိုင်း တွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃) တို့၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၃
တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ၂၀၂၄ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို ယနေ့တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

နေပြည်တော် ၂၀၂၄ သြဂုတ် ၃၀
Naypyitaw State Academy တွင် ကျောင်းသားလူငယ်များ ဥပဒေဆိုင်ရာ အခြေခံအသိအမြင်၊ ဗဟုသုတများ တိုးပွားစေရန်နှင့် ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များကို ကျောင်းသား ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိ လိုက်နာဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေဆိုင်ရာ ဒုတိယအကြိမ် အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၇
(၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့‌‌သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။

နေပြည်တော် ၂၀၂၄ သြဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် Buriram Chang Arena ၌ ကျင်းပသည့် (၇) ကြိမ်မြောက် အာဆီယံ + ၃ နိုင်ငံ အစည်းအဝေးကို တက်ရောက်သည်။

နေပြည်တော် ၂၀၂၄ ဩဂုတ် ၂၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ဆေးပညာမဟာဌာန လက်တွေ့ခန်းများ၌ လက်တွေ့ခန်းသုံးပစ္စည်းများ ဖြည့်ဆည်းထားရှိမှုကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ သြဂုတ် ၂၅
ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်ကျင်းပသည့် (၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်မည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ညနေပိုင်းတွင် ခေတ္တတည်းခိုသည့် ထိုင်းနိုင်ငံ ဘူရီယမ်မြို့ရှိ Modena ဟိုတယ်မှတစ်ဆင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ၊ ဧည့်သည်တော်များနှင့်အတူ ဘူရီယမ်မြို့ရှိ Khao Phnom Rung ရှေးဟောင်းဒေသနှင့် Prasat Meaung Tam ရှေးဟောင်းဒေသသို့ သွားရောက်လေ့လာပြီး ထိုင်းနိုင်ငံပညာရေးဝန်ကြီးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်သည်။

ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ ဘူရီယမ်မြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် (၁၃)ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံ အပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများ အစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ရန် ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်မြို့မှ ထိုင်းနိုင်ငံ ဗန်ကောက်မြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

ရန်ကုန် ၂၀၂၄ ဩဂုတ် ၂၃
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတုသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ ဩဂုတ် ၂၂

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာ ဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက်တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဝန်ကြီးဌာနအလိုက် ဝန်ထမ်းမိသားစု များက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

Pages