News

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ငူပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး စီမံအုပ်ချုပ်ဆောင်၊ မြတ်ပညာခန်းမ၊ နှစ်ထပ်စာသင်ဆောင်များ၊ နားနေကွင်း၊ ရေစက်နှင့်ရေစင်များ၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ စားရိပ်သာဆောင်၊ အားကစားကွင်း၊ အားကစားရုံနှင့် ကျောင်းသန့်ရှင်း သာယာမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်‌‌တော် ၂၀၂၄ စက်တင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ်ရှစ်မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းအတွက် နည်းပြသင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ် အစည်းအဝေးခန်းမ၌ မိတ္ထီလာတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ မိတ္ထီလာပညာရေး ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးတို့နှင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည့် တပ်ကုန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၂၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်သို့ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ကျောင်းသား ကျောင်းသူများ ဝိဇ္ဇာတွဲဘာသာရပ်များဖြေဆိုနေမှုနှင့် အဝေးသင် သင်တန်းဌာနခွဲ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၅
မြန်မာနိုင်ငံတက္ကသိုလ်များအနေဖြင့် သင်တန်းအဆင့် (Program Level)နှင့် တက္ကသိုလ် ကျောင်းအဆင့် (Institutional Level) နှစ်ခုစလုံးတွင် အာဆီယံတက္ကသိုလ်ကွန်ရက်၏ အရည်အသွေး အာမခံမှု (AUN-QA) စံနှုန်းသတ်မှတ်ချက်များနှင့် ပြည့်မီကိုက်ညီကြောင်း အသိအမှတ်ပြုမှု(Accreditation) ရရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ယနေ့နံနက်ပိုင်းက နေပြည်တော် ရုံးအမှတ်(၁၃)တွင် ကျင်းပသည့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (NAQAC)၏ အရည်အသွေးအာမခံမှု(QA)ဆိုင်ရာ ပထမအကြိမ် အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၊ ပညာရေး ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် လုပ်ငန်းလမ်းညွှန် အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး များ၊ ပါမောက္ခဌာနမှူးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၃
နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ရေဘေးသင့်ကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ပုဗ္ဗသီရိ၊ ဇေယျာသီရိနှင့် ပျဉ်းမနားမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

Pages