ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ တက္ကသိုလ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၅ ဧပြီ ၁၀

 

 ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဧပြီလ ၉ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့ အမှတ်(၁)နှင့် အမှတ်(၄) အခြေခံပညာ အထက်တန်း ကျောင်းများတွင်  ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာ သင်တန်း တက်ရောက်လျက်ရှိကြသည့် ဆရာ ဆရာမများအား တွေ့ဆုံအားပေးကာ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့သည်။

       

ဆက်လက်၍ ဒုတိယဝန်ကြီးသည် မန္တလေးမြို့ပေါ်ရှိ တက္ကသိုလ်များနှင့် ပညာရေးဒီဂရီကောလိပ်သို့သွားရောက်၍ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးစကားပြောကြားကာ ငလျင်ဒဏ်သင့်ဝန်ထမ်းများ နေထိုင်စားသောက်မှုအဆင် ပြေရေး၊ ရေ၊ မီးပြည့်စုံရေး၊ တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည်များကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

         

ထို့နောက် ဒုတိယဝန်ကြီးသည် အောင်မြေသာစံမြို့နယ်ရှိ အမှတ်(၂၀) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိကာ ငလျင်ဒဏ်ကြောင့် ပင်မဆောင် ပြိုကျပျက်စီးမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။