June 2026

ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

နေပြည်တော် ၂၀၂၆ ဇွန် ၂၇
၂၀၂၆ ခုနှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပရာ ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ပြိုင်ပွဲ၀င် အားကစားသမားများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် အာဆီယံအဆင့်မြင့်ပညာရေးဝန်ကြီးများ၏ စကားဝိုင်း ဆွေးနွေးပွဲတက်ရောက်

နေပြည်တော် ၂၀၂၆ ဇွန် ၂၆
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းက အဆင့်မြင့်ပညာသင်ယူမှုအခွင့်အလမ်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့် အွန်လိုင်းစနစ်အသုံးပြုကျင်းပသော အာဆီယံအဆင့်မြင့်ပညာရေးဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ တက်ရောက်သည်။

ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ(တတိယနေ့)သို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာချောချောစိန် ဆက်လက်တက်ရောက်၊ နိုင်ငံတကာ တက္ကသိုလ်များနှင့်ပူးပေါင်း ဆောင်ရွက်ရန်ဆွေးနွေး

နေပြည်တော် ၂၀၂၆ ဇွန် ၂၅
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ Indonesia Convention Exhibition (ICE) ၌ ကျင်းပလျက်ရှိသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံကို ယမနေ့က တတိယနေ့အဖြစ် ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ‌ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ဆက်လက်တက်ရောက်ကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့တက်ရောက်

နေပြည်တော် ၂၀၂၆ ဇွန် ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးညီလာခံသို့ (Global Sustainable Development Congress 2026 – GSDC 2026) တက်ရောက်ရန် ဇွန် ၂၂ ရက်တွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ထွက်ခွာရာ ညနေပိုင်းတွင် ဂျကာတာမြို့သို့ ရောက်ရှိကြသည်။

Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၆ ဇွန် ၂၃
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy ၌ ကျောင်းသား ကျောင်းသူများအေးချမ်းစွာ ပညာသင်ကြားနေမှုနှင့် သုတေသနစာတမ်းများ ဖတ်ကြားရှင်းလင်းနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး အကြံပြုဆွေးနွေးစကား ပြောကြားသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပညာရေးမြှင့်တင်မှုအစီအမံလုပ်ငန်းများနှင့် တက္ကသိုလ်ဝင်း သာယာလှပရေးဆောင်ရွက်ထားမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇွန် ၂၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ (NCC) အစည်းအဝေးခန်းမ၌ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသား ပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်ဖွင့်ပွဲတက်ရောက်

နေပြည်တော် ၂၀၂၆ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ်၌ ကျင်းပသည့် ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေး အစီအစဉ်ဖွင့်ပွဲသို့ တက်ရောက်သည်။

နေပြည်တော်၌ အခြေခံပညာအဆင့် Placement Test ဖြေဆို

နေပြည်တော် ၂၀၂၆ ဇွန် ၁၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-‌၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား မိဘများ နှင့်တွေ့ဆုံသည်။

ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ် ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ ဇွန် ၁၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် အဆင့်မြင့်ပညာဦးစီးဌာန ရန်ကုန်အနောက်ပိုင်းတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ် အခမ်းအနားကျင်းပရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များ ဇာတ်တိုက်လေ့ကျင့်‌‌နေမှုကို ကြည့်ရှုစစ်‌ဆေးပြီး ချီးမြှင့်ငွေများ ပေးအပ်သည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် FOOTBALL FOR SCHOOL LAUNCHING CEREMONY တက်ရောက်

နေပြည်တော် ၂၀၂၆ ဇွန် ၁၂
FOOTBALL FOR SCHOOL LAUNCHING CEREMONY ကို ယနေ့နံနက်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ဘောလုံးကွင်း၌ကျင်းပသည်။

Pages