June 2026

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေ ကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ

နေပြည်တော် ၂၀၂၆ ဇွန် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယနေ့နံနက် ၉နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်စီမံခန့်ခွဲရေးစနစ် ဆော့ဖ်ဝဲလ်ပြုစုရေး ဆွေးနွေး

နေပြည်တော် ၂၀၂၆ ဇွန် ၉
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် uab ဘဏ်မှ အမှုဆောင်အရာရှိချုပ်နှင့် တာ၀န်ရှိသူများအား ယနေ့မွန်းလွဲပိုင်းက ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် Naypyitaw State Academy ရှိ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၆ ဇွန် ၅
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ပါမောက္ခချုပ် ဒေါက်တာနုနုလွင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် Naypyitaw State Academy သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ၂၀၂၆ ဇွန် ၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌ချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

Pages