နေပြည်တော်၌ အခြေခံပညာအဆင့် Placement Test ဖြေဆို

နေပြည်တော် ၂၀၂၆ ဇွန် ၁၉

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်သည် နေပြည်တော်ပြည်ထောင်စုနယ်မြေ တိုင်းပညာရေးမှူးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်းစာစစ်ဌာန၌ ၂၀၂၆-‌၂၀၂၇ ပညာသင်နှစ် အခြေခံပညာအဆင့် Placement Test (အထူးအစီအစဉ်) စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ကျောင်းသား မိဘများ နှင့်တွေ့ဆုံသည်။

 

ထို့နောက် ဇေယျာသီရိမြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း (ကျောက်ချက်)နှင့် ပျဉ်းမနားမြို့နယ်၊ အမှတ် (၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ၌ ဆရာ ဆရာမများ၏ Placement Test စာမေးပွဲဖြေဆိုရန်အတွက် စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် စာမေးပွဲခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို ကြည့်ရှုပြီး ကျောင်းသား ကျောင်းသူများ စည်းကမ်းတကျရှိစေရေး၊ စာသင်ခန်းအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး၊ သင်ကြားသင်ယူမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။