အရည်အသွေးပြည့်ဝသော လူတော်လူကောင်း ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်ရေး ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက်
နေပြည်တော် ၂၀၂၂ မေ ၂၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည် နယ် လူမှုရေးဝန်ကြီး ဦးအောင်မြင့်၊ ရှမ်းပြည်နယ်ပညာရေးမှူး ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမြင့်လွင်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၈)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းများဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ပြင်ဆင် ထိန်းသိမ်း ဆောင်ရွက်ထားမှု အခြေအနေ၊ တည်ဆောက်ပြီးစီးသည့် ကျောင်းဆောင်၊ ခန်းမဆောင် အခြေအနေ၊ ကျောင်းတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။
