News

နေပြည်တော် ၂၀၂၂ ဩဂုတ် ၁၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ပညာရေးဝန်ထမ်းသားသမီးများ ဂုဏ်ပြုဆုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၉နာရီတွင် ရုံးအမှတ်(၁၃) ပညာရေးဝန်ကြီးဌာန အဆင့်မြင့် ပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်၂၀၂၂ ဩဂုတ် ၈
အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံတက္ကသိုလ်‌ ဝူရှူးအားကစားအဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီးရှိ ပါမောက္ခချုပ်များနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဝူရှူးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ ကျောင်းသားကျောင်းသူများက လေဆိပ်တွင် လှိုက်လှဲစွာကြိုဆိုခဲ့ကြသည်။

နေပြည်တော်၂၀၂၂ ဩဂုတ် ၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် အခြေခံပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင်မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၂၃) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁)ဘုန်းတော်ကြီးသင်ပညာ‌ရေး အလယ်တန်းကျောင်း(ထခွဲ)များသို့ သွားရောက်ကြည့်ရှု အားပေးသည်။

နေပြည်တော်၂၀၂၂ ဩဂုတ် ၆

အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကျင်းပရေးကောင်စီ(AUSC) သည် အကြိမ် (၂၀) မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲကို ဇူလိုင် ၂၆ မှ သြဂုတ် ၆ ရက်အထိ ထိုင်းနိုင်ငံ၊ အူဘွန်ရတ်ချဌာနီမြို့တွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲကို အရှေ့တောင်အာရှဒေသတွင်းမှ အိမ်ရှင်ထိုင်း၊ ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ တီမော၊ ဗီယက်နမ် နိုင်ငံပေါင်း ၁၁ နိုင်ငံမှ အားကစားသမားများ၊ အုပ်ချုပ်/နည်းပြအဖွဲ့များ ဝင်ရောက်ယှဉ်ပြိုင်ကြခဲ့ကြသည်။

နေပြည်တော် ၂၀၂၂ ဩဂုတ် ၅
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ ရေဘေးသင့်ကျောင်းသားကျောင်းသူများအတွက် ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့် စာရေးကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဧရာဝတီခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဩဂုတ် ၃
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေး ဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဆရာအတတ် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများ၊ အခြေခံပညာဦးစီး ဌာနမှ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ် ၁၃ ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ရန်ကုန် ၂၀၂၂ ဇူလိုင် ၂၅

ထိုင်းနိုင်ငံ အွန်ဘွန်ရတ်ချဌာနီတွင် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၆ ရက်အထိ ကျင်းပမည့် အကြိမ်(၂၀)မြောက် အာဆီယံတက္ကသိုလ်အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကစားမည့် မြန်မာနိုင်ငံ တက္ကသိုလ်အားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့်၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများက ယနေ့ နံနက်ပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ ပို့ဆောင် နှုတ်ဆက်ကြသည်။

နေပြည်တော် ၂၀၂၂ ဇူလိုင် ၂၀
အကြိမ် ၂၀ မြောက် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံကိုယ်စားပြုတက္ကသိုလ် အားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ကျင်းပရာ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက် ရေးကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကားပြောကြားသည်။

နေပြည်တော် ၂၀၂၂ ဇူလိုင် ၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး သွားရောက်ခဲ့သည့် ၂၀၂၂ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ထူးချွန်ကျောင်းသားကျောင်းသူအဖွဲ့သည် ယမန်နေ့ ည ၁၀ နာရီတွင် ရန်ကုန်မြို့ သို့ ပြန်လည်ရောက်ရှိသည်။

နေပြည်တော် ၂၀၂၂ ဇူလိုင် ၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်အရ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ၊ ဝိပ္ပံဘာသာတွဲများတွင် မြန်မာတစ်နိုင်ငံလုံး အမှတ်အများဆုံး အဆင့် ၁ မှ အဆင့် ၁၀ အတွင်း ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၃၃ ဦးကို ချီးမြှင့်ဂုဏ်ပြု သည့်အနေဖြင့် နိုင်ငံတော်က ဇူလိုင် ၄ ရက်မှ ၈ ရက်အထိ ထိုင်းနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့သို့ လေ့လာရေးခရီး ပို့ဆောင်ခဲ့သည်။

Pages