News

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၃၀
Naypyitaw State Academy ၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲက Naypyitaw State Academy ဘက်စုံခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၂၁
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပညာရေး ဝန်ကြီးဌာနဝန်ထမ်းများနှင့်မိတ်ဆုံစားပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၁၉
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့၏ (၂၂) ကြိမ်မြောက် သုတေသနညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ အမျိုးသား သင်ရိုးညွှန်းတမ်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်ပညာရှင်ကြီးများ၊ ဘာသာရပ်အလိုက် အကောင်းဆုံး သုတေသနစာတမ်းဆု စိစစ်ရွေးချယ်ရေးအဖွဲ့ဝင် ပညာရှင်ကြီးများ၊ သုတေသီများနှင့် လုပ်ငန်း ကော်မတီဝင်များ တက်ရောက်ကြပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ညွန့်ဖေ၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၁၉
ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၏ ကျောင်းပြင်ပမူလတန်းပညာရေး သင်ရိုးလေ့လာ သုံးသပ်မွမ်းမံပြင်ဆင်ခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ရုံးအမှတ် (၅၂) ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေး ဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော် ၂၀၂၂ ဒီဇင်ဘာ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရုရှားနိုင်ငံအဆင့်မြင့်ပညာရေး၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ms. Natalia A. Bocharova နှင့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ ၅ နာရီတွင် Naypyitaw State Academy ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် ၂၀၂၂ နိုဝင်ဘာ ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံညှိနှိုင်းအစည်းဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အခြေခံပညာဦးစီးဌာန အစည်းအဝေးခန်း၌ ကျင်းပသည်။

Pages