News

နေပြည်တော် ၂၀၂၂ မတ် ၃၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းရှိ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်၀င်တန်း စာမေးပွဲ စာစစ်ဌာနသို့ ရောက်ရှိပြီး တက္ကသိုလ်၀င်တန်း စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုသည်။

နေပြည်တော် ၂၀၂၂ မတ် ၃၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဆရာအတတ်ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ အခြေခံ ပညာဦးစီးဌာနရှိ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက နေပြည်တော် ပညာရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

နေပြည်တော် ၂၀၂၂ မတ် ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၀နာရီခွဲတွင် ဂျပန်နိုင်ငံ အဆာဟိ ရှင်ဘွန်းသတင်းစာ အာရှဒေသ ဗျူရိုဌာနမှူး Mr.ONAGA, Tadao နှင့် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ ဧည့်ခန်းမ၌ တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၂ မတ် ၂၂
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက် ၁၀နာရီတွင် အခြေခံပညာဦးစီးဌာန တိုင်းဒေသကြီး/ ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံပွဲကို နေပြည်တော်၊ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။

နေပြည်တော် ၂၀၂၂ မတ် ၂၁
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံသည်။

နေပြည်တော် ၂၀၂၂ မတ် ၁၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွှေညောင်မြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကလောမြို့နယ် ဟဲဟိုး အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ ကလောမြို့နယ် အောင်ပန်းမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၁၀)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကျောင်းဆောင်များကြံ့ခိုင်ရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်း သာယာရေးကိစ္စရပ်များကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော် ၂၀၂၂ မတ် ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီး တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်၊ အိပ်ဆောင်များ တည်ဆောက်ပြီးစီးမှုနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများ၊ တက္ကသိုလ် မိုးလုံလေလုံအားကစားခန်းမနှင့် တက္ကသိုလ်ဘောလုံးကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး၍ အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီပြီးစီးရေးနှင့်လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန် မှာကြားသည်။

နေပြည်တော် ၂၀၂၂ မတ် ၁၆
၂၀၂၁-၂၀၂၂ ခုနှစ် အာဆီယံပညာရေးဝန်ကြီးများ၏ ဥက္ကဋ္ဌတာဝန်ယူခဲ့သည့် ဖိလစ်ပိုင်နိုင်ငံ ပညာရေးဝန်ကြီးထံမှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွက် အာဆီယံပညာရေးဝန်ကြီးများ၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် လက်ခံဆောင်ရွက်မည့် ဗီယက်နမ်နိုင်ငံ ပညာရေးဝန်ကြီးထံသို့ တာဝန်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပရာ အာဆီယံနိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများ တက်ရောက်ကြသည်။

ရန်ကုန် ၂၀၂၂ မတ် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ရန်ကုန် ၂၀၂၂ မတ် ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ခရိုင်/မြို့နယ်ပညာ ရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။

Pages