News
ရန်ကုန် ၂၀၂၂ မတ် ၉
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယ ဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ ညနေပိုင်းတွင် ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာဆရာမများ၊ စီမံဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ကျိုင်းတုံ ၂၀၂၂ ဖေဖော်ဝါရီ ၁၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ကျိုင်းတုံတက္ကသိုလ် ခေမရဋ္ဌ်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ ဖေဖော်ဝါရီ ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဦးဇော်ဝင်းနှင့်အတူ ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ အမှတ်(၁)၊ အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ပညာရေးဝန်ကြီးဌာနက ဖြည့်ဆည်းပေးသည့် သိပ္ပံလက်တွေ့ခန်းသုံး သင်ထောက်ကူပစ္စည်းများ တပ်ဆင်သုံးစွဲမှုများကို ကြည့်ရှုစစ်ဆေးသည်။
နေပြည်တော် ၂၀၂၂ ဖေဖော်ဝါရီ ၃
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဆရာအတတ်ပညာဦးစီးဌာန၏ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် အခြေခံပညာဦးစီးဌာန၏ တိုင်းဒေသကြီး/ ပြည်နယ်ပညာရေးမှူးများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉နာရီခွဲတွင် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
တောင်ကုတ် ၂၀၂၂ ဇန်နဝါရီ ၂၇
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် တောင်ကုတ်တက္ကသိုလ်ရှိ ပညာရတနာဘက်စုံသုံးခန်းမတွင် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဘဏ္ဍာဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်တွေ့ဆုံသည်။
မာန်အောင် ၂၀၂၂ ဇန်နဝါရီ ၂၆
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် မာန်အောင်မြို့နယ် မိမ္မကြွယ်ရွာ အခြေခံပညာအလယ်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းဝန်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေး၍ ကျောင်းအုပ်ကြီး၊ဆရာဆရာမများနှင့်တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ ဇန်နဝါရီ ၂၅
မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာရေးနှင့်အသက်မွေး ဝမ်းကျောင်းပညာလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေး ခန်းမ၌ကျင်းပသည်။
မာန်အောင် ဇန်နဝါရီ ၂၅
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် မာန်အောင်မြို့ အခြေခံပညာ အထက်တန်းကျောင်းခွဲ (ဈေးတန်း)သို့ ရောက်ရှိပြီး ကျောင်းအတွင်းလှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည် များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကျောက်ဖြူ ၂၀၂၂ ဇန်နဝါရီ ၂၄
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ပြည်နယ်ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများ၊ ကျောက်ဖြူမြို့ပေါ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံသည်။
နေပြည်တော် ၂၀၂၂ ဇန်နဝါရီ ၁၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာကဏ္ဍ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တတိယနေ့ အစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသည်။
