July 2026

ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၂၀၂၆ တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေးသီတင်းပတ်အခမ်းအနားတက်ရောက်

နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့တွင် ယမန်နေ့နံနက်ပိုင်းက ကျင်းပသော ၂၀၂၆ တရုတ်-အာဆီယံ ပညာရေး ပူးပေါင်းဆောင်ရွက်ရေး သီတင်းပတ် ဖွင့်ပွဲအခမ်းအနားတက်ရောက်သည်။

သုတေသနနှင့် ဆန်းသစ်တီထွင်မှုဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင် ဖတ်ကြားတင်ပြသွားမည်

နေပြည်တော် ၂၀၂၆ ဇူလိုင် ၃၀
ပညာရေးဝန်ကြီးဌာန ရက်(၁၀၀) စီမံကိန်း၏ သုတေသနနှင့် ဆန်းသစ်တီထွင်မှု ဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ စတင်ဖွင့်လှစ်ပြီး ဖိုရမ်တွင် သုတေသနစာတမ်း စုစုပေါင်း ၆၃ စောင်ကို ဖတ်ကြားတင်ပြသွားမည်ဖြစ်ပါသည်။

ပညာရေးဒီဂရီကောလိပ်များတွင် စိတ်ဓာတ်၊ စည်းကမ်း၊ ပညာနှင့်ပြည့်ဝသောဆရာများ လေ့ကျင့်မွေးထုတ်ပေးလျက်ရှိ

ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၉
ပညာသင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရန်နှင့် နိုင်ငံတော်အတွက် လိုအပ်လျက်ရှိသော ဆရာ ဆရာမများ မွေးထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယာယီဖွင့်လှစ်ထားသော ဟားခါးပညာရေးဒီဂရီကောလိပ်ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

တရုတ်တက္ကသိုလ်များနှင့် မြန်မာတက္ကသိုလ်များအကြား ညီအစ်မတက္ကသိုလ်များ ထူထောင်၍ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆွေးနွေး

နေပြည်တော် ၂၀၂၆ ဇူလိုင် ၂၉
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွေ့ကျိုးပြည်နယ်၊ ကွေ့ရမ်မြို့၌ကျင်းပမည့် ၂၀၂၆ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်ရေး ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန် ရောက်ရှိနေသော ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Ren Youqun နှင့် ဇူလိုင် ၂၈ရက်တွင် တွေ့ဆုံသည်။

ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၆
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) ပတ်လမ်းများ သန့်ရှင်းသာယာရေး၊ လှိုင်နယ်မြေအတွင်းရှိ ကျောင်းသား ကျောင်းသူအိပ်ဆောင်၊ ဆရာ ဆရာမဆောင်၊ အရာထမ်း အမှုထမ်းအိမ်ရာပေါင်း (၃၁)ဆောင်တွင် ရေမီးပြည့်စုံရေး၊ လုံခြုံရေး၊ သာယာရေးနှင့် ကစားကွင်းများဖြည့်ဆည်းရေး၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေးကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန် ဒဂုံတက္ကသိုလ်ဥပဓိရုပ်ကောင်းမွန်ရေး လှည့်လည်ကြည့်ရှုစစ်ဆေး‌

ရန်ကုန် ၂၀၂၆ ဇူလိုင် ၂၅
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာ၀န်ကြီး ဦးဗိုလ်ဌေး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမျိုးမြင့်အောင်တို့နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ရှိ ဒဂုံတက္ကသိုလ်သို့ရောက်ရှိသည်။

ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့် မန္တလာတက္ကသိုလ်၊ ရတနာပုံတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ၂၀၂၆ ဇူလိုင်၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ မန္တလာတက္ကသိုလ်၌ အထူးပြုဘာသာရပ်ပေါင်းစုံ ဖူဆယ်ဘောလုံး (အမျိုးသား) ပြိုင်ပွဲယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကာ ဆုရအသင်းများအား ဆုပေးအပ်ချီးမြှင့်သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ရန်ကုန်မြို့ရှိ ကျောင်းပြင်ပမူလတန်းပညာရေး (ပထမနှစ်၀က်) ဇုန်အဆင့်နည်းပြ သင်တန်း၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေး

ရန်ကုန် ၂၀၂၆ ဇူလိုင် ၁၈
ပညာရေး၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ရောက်ရှိသည်။

ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန်လိုအပ်

နေပြည်တော် ၂၀၂၆ ဇူလိုင် ၁၆
ဝေးလံခေါင်ဖျားဒေသများသို့ ဒီဂျစ်တယ်သင်ကြားရေး ပလက်ဖောင်းများ သို့မဟုတ် ဗီဒီယိုဖိုင်များဖြင့် သင်ကြားနိုင်သည်အထိ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားဆောင်ရွက်ကြရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်က ပြောကြားသည်။

Pages