ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့် သိပ္ပံပွဲတော်ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေး
နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၃
ပညာရေးဝန်ကြီးဌာန သိပ္ပံပွဲတော်အောင်မြင်စွာ ကျင်းပရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်သည့် ကျောင်းသား ကျောင်းသူများအတွက် အလုပ်အကိုင်ရရှိရေး ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
