နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်
နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

