ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိုးလေဝသ သတင်းများကို အလေးထားပြင်ဆင်ရန်နှင့် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များတွင် ပူးပေါင်းကူညီရန်လို
နေပြည်တော် ၂၀၂၄ စက်တင်ဘာ ၁၈
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် တက္ကသိုလ်ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးများနှင့် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

