October 2023

၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာ သင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၂၅
၂၀၂၄-၂၀၂၅ ပညာသင်နှစ် သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ အခြေခံပညာသင်ရိုးသစ်နှင့် လိုက်လျောညီထွေဖြစ်မည့် အဆင့်မြင့်ပညာ သင်ရိုးသစ်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ သက်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဘာသာရပ်ဆိုင်ရာပါမောက္ခများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိကအခြေခံပညာကျောင်းများနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၉
နိုင်ငံတကာ သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ပုဂ္ဂလိက အခြေခံပညာကျောင်း (International Schools) များနှင့် တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

KG+12 သင်ရိုးသစ်ရေးဆွဲမှု ပြီးမြောက်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲ ကျင်းပ

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၇
KG+12 သင်ရိုးသစ်ရေးဆွဲမှု ပြီးမြောက်ခြင်း အထိမ်းအမှတ်ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

တက္ကသိုလ်များ နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းအပ်လက်ခံ၍ နိုဝင်ဘာ၂၃ ရက်တွင် ဖွင့်လှစ်မည်

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ်ပါမောက္ခချုပ်များကို ယနေ့ မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံ၍ လုပ်ငန်းလမ်းညွှန်များကို ဆွေးနွေးမှာကြားသည်။

ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက် ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၁၂
ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း (Annual Performance Review - APR) နှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်း (Annual Budget Review - ABR) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်များ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

နေပြည်တော် ၂၀၂၃ အောက်တိုဘာ ၅
၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။