April 2023

တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ ဒသမတန်း လူရည်ချွန်ကျောင်းသား ကျောင်းသူများ အင်းလေးကန်သို့ လေ့လာရေး သွားရောက်

တောင်ကြီး ၂၀၂၃ ဧပြီ ၃၀
တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်းမှ လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက်ပိုင်းတွင် အင်းလေးကန်သို့ လေ့လာရေးခရီး သွားရောက်ကြသည်။

၂ဝ၂၃ ခုနှစ် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ပုသိမ် ၂၀၂၃ ဧပြီ ၂၉
၂၀၂၃ ခုနှစ် ဧကာဒသမတန်းလူရည်ခန်စခန်း(ငွေဆောင်)စခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကီး ငွေဆောင်ကမ်းခြေ ယမုံနာဦးဟိုတယ်၌ ကျင်းပသည်။

၂ဝ၂၃ ခုနှစ် တောင်ကြီး လူရည်ချွန်အပန်းဖြေစခန်း ဖွင့်လှစ်

တောင်ကြီး ၂၀၂၃ ဧပြီ ၂၉
၂ဝ၂၃ ခုနှစ် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် တောင်ကြီးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့၌ ကျင်းပသည်။

တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင်၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသားကျောင်းသူများနှင့် လူရည်ချွန်ကြီးများတွေ့ဆုံ၊ ပညာရေးဆိုင်ရာဟောပြောပွဲနှင့် ညစာစားပွဲကျင်းပ

တောင်ကြီး ၂၀၂၃ ဧပြီ ၂၈

တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းတွင် ရောက်ရှိနေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန် ကျောင်းသား ကျောင်းသူများသည် ယနေ့နံနက် ၈နာရီတွင် တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းရှိ ဒေါ်ခင်သိန်းခန်းမ၌ လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈)မှ လူရည်ချွန် ကြီးများနှင့် တွေ့ဆုံ၍ ပညာရေးဆိုင်ရာ ဟောပြောပွဲကျင်းပရာ လူရည်ချွန်ကြီးများဖြစ်ကြသည့် ဒေါ်နန်းမိုမိုသီတာက မိတ်ဆက်စကား ပြောကြားပြီး ဦးခင်မောင်ကြည်က လူရည်ချွန်အဖွဲ့(၁၉၆၄-၈၈) အကြောင်း သိကောင်းစရာများကို ပြောကြားသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဒသမတန်း(Grade-10) လူရည်ချွန်ကျောင်းသား ကျောင်းသူများ တောင်ကြီးလူရည်ချွန်အပန်းဖြေစခန်းသို့ ရောက်ရှိ

နေပြည်တော် ၂၀၂၃ ဧပြီ ၂၇
ထူးချွန်ထက်မြက်သည့် ကျောင်းသား ကျောင်းသူများကို စံနမူနာထားကာ ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ပေးရန် ရည်ရွယ်ချက်ဖြင့် လူရည်ချွန်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် အဋ္ဌမတန်း လူရည်ချွန် ၁၆၀၊ ဒသမတန်း လူရည်ချွန် ၁၆၀၊ ဧကာဒသမတန်း လူရည်ချွန် ၁၅၈ ဦး စုစုပေါင်း ၄၇၈ ဦးကို မွေးထုတ်နိုင်ခဲ့သည်။

လူရည်ချွန်မောင်မယ်များအနေဖြင့် မိမိကိုယ်တိုင်၊ မိမိကျောင်း၊ မိမိပတ်ဝန်းကျင်နှင့် မိမိနိုင်ငံ‌တော်၏ အကျိုးစီးပွားအတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ သစ္စာရှိစွာ ပခုံးပြောင်း တာဝန်ယူ ဆောင်ရွက်နိုင်ရေးကြိုးပမ်း

နေပြည်တော် ၂၀၂၃ ဧပြီ ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များအား ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ တွေ့ဆုံ၍ ဩဝါဒစကား မြွက်ကြားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဧပြီ ၁၈

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)ကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယ ညွှန်ကြား‌ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများကို လူရည်ချွန်စခန်းအသီးသီးသို့ စေလွှတ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဧပြီ ၅
၂၀၂၂-၂၀၂၃ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား ကျောင်းသူများကို လူရည်ချွန်စခန်း အသီးသီးသို့ စေလွှတ်နိုင်ရေး ကြိုတင်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၃ ဧပြီ ၄

တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်း ဒေသကြီး/ ပြည်နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။